Sunday, June 20, 2010

Q and A Toxic Goitre လည်ပင်းကြီး ဟော်မုန်းများခြင်း

Q: သူငယ်ချင်း တယောက်ရဲ့ လည်ပင်းက နဂိုထက် ယောင်ယောင်လေးပိုကြီးနေလို့ပါဆရာ။ စိတ်ကလည်း အရင်ကထက် ပိုတိုတတ်လာပါတယ်။ အစားကတော့ ခဏတိုင်း စားတတ်ပါတယ်။ ပိန်တော့ မပိန်သွားပါဘူး။ ၀ တောင် လာပါတယ်။ အဲဒါက လည်ပင်းကြီး ရောဂါဆိုရင် မည်သို့ ကုသ၍ ရနိုင်ပါမည်လဲ ဆရာ။ လောလောဆယ် ဆေးစစ်ရန် မလွယ်ကူသေး၍ အရေးကြီး မကြီးကို ကျေးဇူးပြု၍ သိပါရစေ။ အကယ်၍ ယခုဆေးမစစ်သေးလျှင်ကော ရနိုင်ပါမည်လား။

A: သူ့ရဲ့ လက်ကောက်ဝတ် သွေးခုန်နှုံးစမ်းပါ။ လူနာရဲ့ လက်ကောက်ဝတ်ကို သက်တောင့်သက်သာ ထားပြီး၊ စမ်းတဲ့လူရဲ့ လက်ချောင်းတွေနဲ့ သူ့လက်မ အထက်ကနေရာမှာ သွေးခုန်နေတာကို စမ်းမိအောင်လုပ်ပါ။ တမိနစ်မှာ ပုံမှန်လူတွေက ၇၀-၈၀ ခုန်နေမယ်။ လည်ပင်းကြီး ဟော်မုန်းများနေရင် ပိုများမယ်။ ၉၀-၁၀၀ ဖြစ်နိုင်တယ်။ နှလုံးကခုန်နေတာနဲ့ အတူတူပါ။

အရင်ဆုံး ပေးနိုင်တဲ့ဆေးကတော့ Beta-blockers ဖြစ်တယ်။ နာမယ် အမျိုးမျိုးရှိတယ်။ Antolol, Propranolol, Inderal, Metoprolol, Nadolol, Betaxolol, Acebutolol, Pindolol and Bisoprolol တမျိုးကို ၂၀ မီလီဂရမ် ကနေ ၄၀ မီလီဂရမ် အထိ၊ တနေ့မှာ ၁-၂ ကြိမ် ပေးနိုင်တယ်။ စိတ်ငြိမ်ဘို့လိုတဲ့အခါ Valium/Diazepam ၅ မီလီဂရမ် သောက်စေပါ။ အိပ်ချင်တတ်လို့ အလုပ်မရှိချိန်၊ ဒါမှမဟုတ် ညမှာ သောက်ခိုင်းပါ။

Thyroid assay (Thyroid Function Test) ဆေးစစ်လို့ လည်ပင်းကြီး ဟော်မုန်းများတာ မှန်ရင် တခြားစားဆေး၊ အနုမြူဆေး ပေးပြီးကုမယ်။ ခွဲစိတ်တာကတော့ တချို့လူနာအတွက်သာ လိုတယ်။ ပျောက်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ မျက်စိ ပြူးလာတဲ့အထိ မစောင့်ပါနဲ့။

No comments:

Post a Comment