Sunday, June 20, 2010

Comments on Unwanted Pregnancy

လွတ်လွတ်လပ်လပ်လုပ် said...
ဆရာဗျာ့ သောက်ရမယ့်ဆေး အမျိုးအစားနဲ့ နမူနာ ဆေးကဒ်ပုံလေးတွေပါ တင်ပေးစေချင်ပါတယ်။ အများစုက ဘယ်ဆေးက ဘယ်လိုပုံမှန်းမသိဖြစ်နေလို့ဗျာ........။
August 7, 2009 3:42 PM

thit said...
၁၂နာရီခြားနှစ်ခါသောက်ရင် ၁လလုံးအတွက်ပြီးသွားပြီလား။ နောက်ဆက်သောက်ဖို့ လိုအပ်ပါသေးလား ဆရာ။
August 15, 2009 9:18 PM

bone said...
ကျွန်မကိုယ်ဝန်ပျက်ကျသွားပြီးနောက် ၂ လကြာသည် အထိ ရာသီ မဆင်းသေးပါ။ အန္တရာယ်များရှိနိုင်ပါသလား။ ဆေးသုံးလို့ ပျက်ကျထားတဲ့ ကိုယ်ဝန်ဖြစ်ပါတယ်။ ကျေးဇူးပြုပြီးဖြေကြားပေးပါ။ ကျေးဇူးတင်ပါတယ်ရှင်။ ရာသီပုံမှန် ပြန်ဆင်းနိုင်ဖို့ အတွက် ဘာဆေးတွေ သောက်သင့်သလဲ။ ဘယ်လိုနေသင့်သလဲ ဆိုတာ ဖော်ပြပေးပါ။
March 1, 2010 10:50 AM

Dr. Tint Swe said...
အခုလိုဖြစ်ပြီးနောက် ရာသီမဆင်းသေးတာက အန္တရာယ်မဖြစ်ပါ။ တယောက်နဲ့တယောက် မတူဘူး။ ကိုယ့်မှာရှိနေတဲ့ လိင်ဟော်မုန်းတွေ အနည်းအများနဲ့ အချိုးအဆ မတူကြလို့ပါ။ သောက်လိုက်ရတဲ့ ဆေးထဲမှာလဲ ဟော်မုန်းတွေပါတာမို့ အပြောင်းအလဲ ဖြစ်သွားတာကြောင့် မဆင်းသေးတာတို့၊ နည်းသွားတာတို့၊ များလာတာတို့ တခုခုဖြစ်တာပါဘဲ။ ပြန်ဆင်းအောင် ဆေးမသောက်ဘဲလဲ အချိန် စောင့်နိုင်တယ်။ တကယ်လို့ နောက်တခါ ကိုယ်ဝန် မယူချင်သေးဘူး ဆိုရင်တော့ ရာသီမလာသေးလဲ၊ သေခြာအောင် တားနည်းတခုခု လုပ်ရပါမယ်။ အရင်က ရာသီလာတာ မှန်နေသူဆိုရင်၊ ကိုယ်ဝန်ရှိ-မရှိ ပူစရာလဲမလိုရင် အချိန်စောင့်ပါ။

ကိုယ်ဝန်ပျက်တာနဲ့မဆိုင်ဘဲ ရာသီလာတာ လမမှန်သူများ၊ အိမ်ထောင်ရှိရှိ-မရှိရှိ လမှန်မှန် လာချင်ရင် ကိုယ်ဝန်တား စားဆေးကို ၃ လ လောက်သောက်ရင် ပုံမှန်ဖြစ်လာမယ်။ နေ့စဉ် သောက်ရတဲ့ တားဆေးတွေမှာ ပဌမ ၂၁ ရက် သောက်ရတဲ့ အရောင်မတူတဲ့ ဆေးလုံးတွေ သောက်နေတုံး ရာသီမဆင်းဘဲ၊ အဲဒီဆေးလုံး ကုန်တာနဲ့ ဆင်းလာတယ်။ ဒါ့ကြောင့် တလဲထဲ ၂ ခါ လာတတ်သူတွေပါ ဒီနည်းကိုလုပ်နိုင်တယ်။ ဆရာ့ဆေးခန်းမှာတော့ အဲလိုဖြစ်နေသူက အိမ်ထောင်မရှိသူ ဖြစ်နေရင် ကိုယ်ဝန်တား စားဆေးကို တလုံးစီဖေါက်ပြီး ဆေးထည့်အိပ်ထဲထည့် ပေးလိုက်ရတယ်။ ကပ်လိုက်ဆိုရင် သူများမြင်တဲ့အခါ အထင်မမှားအောင်လို့။

ဆေးတွေကတော့ရှိတာပေါ့။ လူ့ကိုယ်က သဘာဝအတိုင်း ပြန်မှန်လာအောင် လုပ်ပါလိမ့်မယ်။ သိပ်မစိုးရိမ်ပါနဲ့။ စိတ်အေးတည်ငြိမ်မှု၊ အစာအာဟာရ လုံလောက်ညီမျှမှုဖြစ်ပါစေ။
March 1, 2010 11:25 AM

bone said...
ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်မက စိတ်ပူပြီး ခါတိုင်းသောက်နေကျသွေးဆေးတွေတောင် သောက်မိတယ်။
ခုဆို ဆေးသောက်စရာမလိုဘူးပေါ့နော်။ ဘယ်အချိန်လောက်ထိ ပြန်စောင့်ရမှာလဲ။ ဇန်န၀ါရီလက ကိုယ်ဝန် ပျက်ကျထားတာပါ။ အခု March ထိမလာသေးလို့  စိတ်ပူမိလို့ ပါ။ ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်။
March 2, 2010 7:12 PM

bone said...
ကိုယ်ဝန်ပျက်ကျသွားပြီးနောက် နောက်တစ်ခါ ဓမ္မတာပေါ်ဖို့အတွက် အချိန်မည်မျှကြာကြာစောင့်ရတက်ပါသလဲ ဆရာ။
၅ လ၊ ၆ လလောက်ထိစောင့်ရတတ်ပါသလား။ နောက်တခါ ကိုယ်ဝန်ရဖို့ကော ဖြစ်နိုင်ချေရှိပါ့မလား။ ကျွန်မသုံးခဲ့သော ဆေးမှာ သားအိမ်အတွင်းသို့ တိုက်ရိုက်ထည့်လိုက်ရသော ဆေးဖြစ်ပါတယ်။ ဆေး ၂ တောင့်ထည့်ရပြီးနောက် ၃ နာရီခြားကာ သွေးများဆင်လာပါတယ်။ ပြီးနောက် ပြီးသွားပါတယ်။ ဟော်မုန်းပြောင်းလဲသွားပြီးနောက် နဂိုအတိုင်းပြန် ပုံမှန်ဖြစ်ဖို့ အတွက် မည်မျှကြာကြာစောင့်ရတတ်ပါသလဲ။ ကျေးဇူးတင်ပါတယ်။
March 17, 2010 3:11 PM

Nang Yoon Shwe said...
အတူနေပြီးလို့ morning after pill သောက်လိုက်ပေမဲ့ သားအိမ် အပြင်မှာ သန္ဒေ တည်နိုင်ပါသေးလား ဆရာ။
May 7, 2010 5:12 PM

Dr. Tint Swe said...
Q: အတူနေပြီးလို့ morning after pill သောက်လိုက်ပေမဲ့ သားအိမ် အပြင်မှာ သန္ဒေ တည်နိုင်ပါသေးလား။
A: Morning-after pill ဆိုတာက မျိုးဥ မထွက်ခင် (သွေးဆင်းအပြီး ၁၄ ရက်အတွင်း) သောက်ရင် မျိုးဥ ထွက်မလာအောင် လုပ်တယ်။ ဒီရက်နောက်မှ သောက်ရင် မျိုးဥကို ပြွန်ကတဆင့် သားအိမ်ထဲ ဆင်းလာမှာကို တားဆီးပြီး၊ သားအိမ်နံရံကို လာကပ်မှာကိုလည်း တားဆီးတယ်။

လက်တွေ့မှာ Morning-after pill ကြောင့် Ectopic pregnancy ရစေတယ်ဆိုတာ ကျွန်တော် သိသလောက် မဖြစ်ပါ။ (သီအိုရီ) အရ ပြန်စဉ်းစားရင် မဖြစ်နိုင်ဘူး ဆိုတာတော့ ရာနှုံးပြည့်လို့ ပြောမရဘူး ထင်ပါတယ်။ ဆေးကို သွေးဆင်းအပြီး ၁၄ ရက်နောက်မှ သောက်ရင်၊ ပြွန်ထဲကို မဆင်းဘဲ တခြားနေရာမှာ သွားတည်တာ ဖြစ်နိုင်တယ်လို့ ပြောရင် ငြင်းဘို့ ခက်ပါတယ်။

DTS
May 7, 2010 5:54 PM

Magnolia said...
အတူနေပြီးလို့ "Emergency Contraception" ဆေး Ecee2 ကိုသောက်ပြီးသွားတဲ့ခါမှာ နောက်လတွေရော ရာသီသွေး ပုံမှန်ပြန်ဆင်းပါလား သိချင်ပါတယ် ဆရာ။ ဒီဆေးက ကိုယ်ဝန်မရနိုင်အောင် တားဆီးပေးတာ သေချာပါလား ဆရာ။ ဒီဆေးက ဘယ်လို Side Effectတွေရရှိနိုင်လဲ သိချင်ပါတယ်ဆရာ။
June 14, 2010 6:21 PM

Dr. Tint Swe said...
Ecee2 ဆိုတာကို နိုင်ငံအမျိုးမျိုးမှာ နာမည်အမျိုးမျိုးနဲ့ ရှိတယ်။ ဆေးကတော့ Levonorgestrelm ဖြစ်ပေမဲ့
Mirena, Pkan B, One-Step, Next Choice လို့ရေးပြီး ရောင်းတယ်။ Progestins ဟော်မုန်းတမျိုးထဲပါတဲ့ အရေးပေါ် ကိုယ်ဝန်တားဆေး ဖြစ်ပါတယ်။ ပုံမှန် ကိုယ်ဝန်မရှိအောင်အတွက် သုံးဘို့ မညွှန်းပါ။ သွေးဆင်း မမှန်တာအတွက်လဲ သုံးတတ်သေးတယ်။

မရည်ရွယ်ဘဲ ဆက်ဆံမိလို့၊ သဘာမတူဖြစ်သွားလို့၊ အကာအကွယ်မပါဘဲ ဖြစ်သွားလို့ ဆိုရင် ချက်ချင်း ဒီဆေး သောက်ရတယ်။ ၇၂ နာရီအထိ သေခြာတယ်။ အမှန်က ၅ ရက်အထိ ကြာသွားတာတောင် ကာကွယ်နိုင်သေးပါတယ်။ ပဌမဆေး ၁ လုံးသောက်ပြီးနောက် ၁၂ နာရီအကြာမှာ နောက်ဆေး ၁ လုံးထပ်သောက်ရတယ်။ ဆရာဝန်က တမျိုး ညွှန်ကြားတာလဲ ရှိနိုင်သေးတယ်။ ရာသီဆင်းနေတဲ့ရက် ဘယ်ရက်မှာမဆို သောက်နိုင်တယ်။

တချို့က ဆေးသောက်ပြီး အန်တတ်တယ်။ ပျို့တာ၊ ဗိုက်နာတာ၊ ခေါင်းမူးတာ၊ ရင်သားတင်းတာ၊ ခေါင်းကိုက်၊ ၀မ်းပျက်၊ မောပန်းတာ၊ အားယုတ်တာတွေ ဖြစ်တတ်တယ်။

နောက်လတွေမှာ ရာသီ ပုံမှန်ပြန်ဆင်းနိုင်သလို ပြောင်းတာမျိုးလည်း ဖြစ်နိုင်တယ်။

DTS
June 14, 2010 8:29 PM

zay said...
ဆရာခင်ဗျား ကိုယ်ဝန်တာနည်း တမျိုးကြားရလိုပါ။ လက်မောင်းထဲ ဆေးတောင့်ထည့်တာလို့ သိရပါသည်။ မည်ကဲ့သို့ဟာမျိုး ဖြစ်သလဲဆိုတာ နားမလည်ပါ၍ ဆရာဆီ အကူအညီတောင်းခံပါသည်။ ရှင်းပြပေးပါရန် မေတ္တာရပ်ခံပါသည်။
May 20, 2010 12:37 AM

zay said...
အမျိုးသမီး လက်မောင်းထဲ ထည့်တာဟုသိရပြီး ဆင်ခြေဖုန်း ရက်ကွက်များတွင် who မှ လုပ်ပေးနေသည်ဟုသိရပါသည်။
May 20, 2010 12:38 AM

zay said...
ရန်ကုန်ရှိ ဆေးခန်းများတွင် လုပ်၍ရမရလည်း သိခြင်ပါသည်။
May 20, 2010 12:39 AM

Dr. Tint Swe said...
The contraceptive implant အရေပြားအောက် ထည့်ရသည့် ဆေးချောင်း
ဆံညှပ်အရွယ်၊ ကွေးနိုင် ဆန့်နိုင်သော ပြွန်ချောင်းလေးတခု ဖြစ်သည်။ လက်မောင်းအတွင်းဖက် အရေပြားအောက်၌ ထုံဆေး-ပိုးသန့်ခြင်းနည်း သုံး၍ ထည့်ထားရသည်။ ၄င်းမှ progestogen ဟော်မုန်းအား ၃ နှစ်ကြာ ထုတ်ပေးနေမည်။ Implanon ဟု ဆေးနာမည် ခေါ်သည်။

progestogen ဟော်မုန်းသည် လစဉ် မ-မျိုးဥအိမ်မှ မမျိုးဥမထွက်စေရန် တားဆီးသည်။ သားအိမ်အဝရှိ ချွဲကြိသည့် အရည်သည် ပြစ်စေးလာစေကာ ကျားသုတ်ပိုးအား သားအိမ်ထဲ မဝင်စေအောင် တားထားသည်။ သားအိမ် အတွင်းသား နံရံကို ပါးလွှာစေသဖြင့် သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးသည်။ ၉၉%မက ထိရောက်သည်။ အလေးချိန် များသူများလည်း သုံးနိုင်သည်။ လစဉ်ရာသီလာအပြီး ၅ ရက်မြောက်နေ့မှ စထည့်ထားပါက ချက်ချင်း ထိရောက် ကာကွယ်သည်။ ကလေး နို့တိုက်ခြင်းကို သက်ရောက်မှုမပြု။ လစဉ် ရာသီမလာမီ လက္ခဏာများကို သက်သာစေသည်။

သို့သော် ရာသီဆင်းများတတ်သည်။ မမှန်ဖြစ်တတ်သည်။ ဝက်ခြံပေါက်တတ်သည်။ ရင်သား တင်းတတ်သည်။ ကိုယ်ဝန် ရှိနေလျင်၊ အသဲရောဂါ ရှိနေလျင်၊ ယခု သို့မဟုတ် လွန်ခဲ့သော ၅ နှစ်က ရင်သားကင်ဆာရှိလျင်၊ သွေးကြောကျဉ်း ရောဂါရှိလျင်၊ (မိုင်ဂရင်း) အမူးရောဂါရှိလျင် မသုံးသင့်။

http://yamuna-clinic-delhi.blogspot.com/ တွင် ဖတ်နိုင်ပါသည်။
May 20, 2010 9:33 AM

2 comments:

  1. Ecee2 ဆေး ဒုတိယအလုံးကို ၁၂ ကျော် မဟုတ်ပဲ ၁၂ အတွှင်းကိုသောက်မိရင်ကောဘာဖြစ်တက်လဲဆရာ
    ရာသီကောပုံမှန်ဆင်းလားဆရာ

    ReplyDelete
  2. Ecee2 ဆေး ဒုတိယအလုံးကို ၁၂ ကျော် မဟုတ်ပဲ ၁၂ အတွှင်းကိုသောက်မိရင်ကောဘာဖြစ်တက်လဲဆရာ
    ရာသီကောပုံမှန်ဆင်းလားဆရာ

    ReplyDelete