Sunday, June 20, 2010

Comments on Tuberculosis (TB)

khin oo may said...
အင်ထရို ဘလော့ရောဂါအကြောင်းက များနေတယ်။ ဒီလောက် မလိုဘူးလို့ထင်ပါတယ်။ တီဘီကို အားပိုပေးပါ။ ဖတ်လို့ကောင်းပါတယ်။ ဆွဲဆောင်မှုရှိတယ်။ အစဘဲရှိသေးတယ်။ ဆက်တင်ပါဦး။ ကောင်းလိမ့်မယ်လို့ မျော်လင့်ပါတယ်။
December 21, 2008 5:30 AM

Nge Naing said...
ဆရာ့ပို့စ်လေးက အတွေ့အကြုံလေးတွေ အတွေးအမြင်လေးတွေလည်း ပါတော့ သိပ်ကောင်းပါတယ်ဆရာ။ ဒါပေမယ့် ဆရာ တီဘီအကြောင်း ရေးတာက ကျွန်မတို့လို ဘလော့ဂ်စွဲတဲ့သူတွေအကြောင်းလည်း ပါနေတော့ Agenda နည်းနည်း ရောနေတာ တခုပါပဲ။ ဘလော့ဂ်စွဲတာနဲ့ တီဘီစွဲတာနဲ့တော့ ဘယ်အနည်းနဲ့မှ မတူနိုင်ဘူးဆရာ။ တီဘီစွဲတာက အန္တရာယ်ဖြစ်ပေမယ့် ဘလော့စွဲတာက စိတ်ရဲ့ အပန်းဖြေအနားယူရာ လည်းဖြစ်တယ် ဗဟုသုတ မျှဝေရာလည်း ရောက်လို့ပါ။ ဆရာ့ပို့စ်မှာ Antibody ကို အတွင်းအားလို့ မြန်မာလို ဝေါဟာရ ယူထားတာ သိပ်ကောင်းပါတယ်။ ကျွန်မမှာ အင်္ဂလိပ်မြန်မာ ဆေးအဘိဓါန် ကောင်းကောင်းမရှိလို့ ပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့စာတွေကို မြန်မာလိုနဲ့ လေ့လာရတာလည်း နည်းလို့ တချို့ဝေါဟာရတွေအတွက် မြန်မာလို ရွေးရတာ သိပ်အခက်အခဲဖြစ်တယ်။ ကျွန်မပို့စ်တွေကို ဆရာဖတ်မိလို့ မြန်မာလို ဝေါဟာရတွေ သုံးထားတာ အဆင်မပြေဖြစ်နေရင်လည်း ထောက်ပြပေးလို့ ရပါတယ်ဆရာ။ ဆရာ့ပို့စ်အတွက် ကျေးဇူးတင်ပါတယ်။
December 21, 2008 11:47 AM

DTS said...
အခုလိုထာက်ပြတာတွေက လက်တွေ့ကျပါတယ်။ ကျေးဇူးတင်တယ်ခင်ဗျ။ အမှန်ပြောရရင် ကျွန်တော်က ဘာအထူးမှမဟုတ်ဘူး။ ဘာသာရပ်တခုခုကို နက်နက်နဲနဲရေးတာက အထူးဆရာတွေမှ။ တောမှာဘဲ ကျခဲ့ရသူ ဆရာဝန်-ဆရာမအားလုံးဟာ အထွေထွေအထူးကုဆိုပြီး ကျွန်တော့်ဆေးခန်း(ဘလော့ခ်)မှာတောင် ကိုယ့်ကိုယ်ကိုအပါအ၀င် ဂုဏ်တင်မိလိုက်တယ်။

နောက်တချက်က ကျွန်တော့်ဘ၀ပေးအရ ဒုက္ခသည်ကိုဆေးကုပေးဘို့ ဒုက္ခသည်ထဲက လူငယ်တွေကို မွေးယူနေရတယ်။ သူတို့ကို ရတဲ့အချိန်ကလေးမယ်၊ သူတို့မှာရှိကြတဲ့ အခြေခံလေးတွေနဲ့ ကိုက်အောင် ဘယ်လို စာသင်ရမယ်ဆိုတာကို စူးစမ်းရင်နဲ့ စာတွေကို ဘာသာပြန်လိုက်၊ သင်ခန်းစာတွေပြင်လိုက်လုပ်နေရတာ။ အတော်စိတ်ဝင်စားစရာ ကောင်းကောင်းလာတယ်ဗျ။ သူများကိုသင်ပေးတိုင်း ကိုယ်လဲပညာရတာမျိုးပေါ့။

အရင်ဆေးကျောင်းမှာဆိုရင် ဘိုလိုဘဲ ဖတ်-မှတ်ရင် ရတာကိုး၊ အခုမဟုတ်ဘူး။ ကပြားကအဆင်အပြေဆုံး။ တယောက်က ရေးလိုက်သလို ဘာသာပြန်ရတာကလဲ ခေါင်းစားတယ်။ ခေါင်းပိုစားတာက ကျွန်တော့် သင်တန်းသူတွေက တိုင်းရင်းသားတွေချည်းဘဲ။ ဗမာစာမပြောနဲ့ ဗမာစကားတောင် ခက်ခဲကြတာကများတယ်။ ဒီတော့ တတ်စေချင်ရင် ဆီလျော်အောင်လုပ်ရတယ်။ အဘိဓာန်ချည်းအားကိုမရတာကို ဆိုချင်တာ။ ပါဠိစာလုံး နေရာတိုင်းမသုံးလေနဲ့။

နောက်ပြီး ကျန်းမာရေးပညာပေးဆိုတာ သူများတော့မသိဘူး အတော်မလွယ်ဘူးဗျ။ ပေးတဲ့လူကပေးတတ်ယုံနဲ့ အလုပ်မဖြစ်ဘူး။ ကျုပ်တို့ပညာပေးတလတကြိမ်လုပ်ပြီးပြီဆိုတဲ့ (ရီပို့တ်)တော့ရမှာပေါ့။ ဖြစ်ချင်တာကဘာလဲ။ နားထောင်တဲ့လူတွေ လိုက်နာပြီးသကာလ ရောဂါဘယ နည်းအောင်မဟုတ်လား။ လာတက်တဲလူတွေကလည်း (ကွန်မြူနတီ-ဆားဗစ်-ပရိုဘိုက်ဒါ)ကခေါ်လို့ အားနာပြီးလာသူတွေလဲပါတယ်လေ။ ဒီတော့ အပြောမှာ တလုံးရရ ထိအောင်မိအောင် လုပ်ယူရတယ်။ ရီစရာမောစရာလည်းညှပ်မှ။ သူတို့ဘာသာစကားလည်း ထမင်းစား-ရေသောက် ထည့်မှ။ ပြီးရင် ဆေးကုပေးမယ်ဆိုတာနဲ့ မျှားရသေးတယ်။ လက်တွေ့သင်ပေးရင်လည်း အဲလိုအဲလိုနည်းနာတွေ သုံးရသေးသဗျ။

ဒါ့ကြောင့် ကျွန်တော် (ဘလော့ခ်)မှာရေးနေတာ အထာသိပ်မကျလောက်ဘူးလို့သိနေတယ်။ ဘာဘဲဖြစ်ဖြစ် (တားဂက်) အုပ်စုမှန်မှ အကျိုးရှိမှာပေါ့။
December 21, 2008 3:12 PM

Anonymous said...
ဆရာရေ အတွေ့ကြုံတူတွေမို့ ထပ်တူခံစားမိပါတယ်။ မှတ်ချက်တွေနှင့် မှတ်ချက်အပေါ် ဆရာ တုန့်ပြန်ထားတာတွေကို သဘောကျမိတယ်၊ ပညာရတာပေါ့။ လေးစားပါတယ်။
December 21, 2008 6:24 PM

khin oo may said...
ရေးချင်သလိုရေးပါ။ ပြောတဲ့သူကလည်းပြောချင်သလိုပြောမှာဘဲ။ ရေးဖြစ်ဘို့ဘဲ လိုပါတယ်။
December 21, 2008 9:32 PM

No comments:

Post a Comment