Sunday, June 20, 2010

Comments on Peptic ulcer

AungNN said...
ဆရာခင်ဗျား၊
အစာအိမ် မကောင်းတာကြာပါပြီ။ Barium meal X'ray ရိုက်ဘူးတယ်။ H pylori အတွက် endoscopy & biopsy လုပ်ပြီး H Pylori ရှိတယ် ဆိုလို့ ဆေးစားပြီး စစ်တော့ ကောင်းသွားပြီဆိုလို့ အစားလဲ သိတ်မရှောင်ရတော့။

ဒါပေမဲ့ တလလောက်မှာ ဒိုင်းကနဲ ပြန်ဖြစ်တာ။ လေပြန်ထတာ။ တဖြေးဖြေးနဲ့ ပိုပိုဆိုးလာတာ။ အခု ကော်ဖီ၊ လဖက်ရည်၊ ငရုပ်သီး၊ မဆလာ၊ ခရမ်းချင်သီး၊ လိမ်မော်သီး စားလို့မရ၊သောက်လို့မရပါ၊ anti acid တွေသောက်နေရ၊ အခု့ nexium တနေ့တလုံးသောက်။ ဒီကြားထဲ လိုရင်လိုသလို anti acid လဲသောက်ရပါတယ်။ နောက်ပိုင်းမှာ ရင်ညွန့်အောင့်လို့ gas pressure လာလာဆေင့်တဲ့သဘောပါ။ နောက်လေ့လာကြည့်တာ anti acid ထဲက calcium ကြောင့်မသင်ကာတာနဲ့ anti acid တတ်နိုင်သလောက်မစားဘဲနေတော့ အောင့်တာ gas pressure ဖြစ်စင်နဲသွားပါတယ်။ အခု Nsaid တွေ သောက်နေရလို့ anti acid နဲ့ Buffer လုပ်ပြီးသောက်နေရပါတယ်။ ကော်ဖီပြန်သောက်နိုင်အောင် ဘာဆက် လုပ်သင့်ပါသလဲ၊ အကြံပေးပါရန်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။
May 23, 2010 9:50 AM

Dr. Tint Swe said...
အစာမကျဖြစ်ခြင်း Indigestion နဲ့ ရင်ပူလောင်ခြင်း heartburn အတွက် လူသန်းပေါင်းများစွာ မှီဝဲသုံးစွဲနေကြ တဲ့ Proton pump inhibitors တွေဖြစ်ကြတဲ့ Omeprazole (Prilosec), Lansoprazole (Prevacid), Rabeprazole (Aciphex), Pantoprazole (Protonix), Esomeprazole (Nexium), and Zegarid ဆေးတွေကြောင့် Osteoporosis အရိုးရောဂါ ဖြစ်စေတယ်လို့ ၃၀-၅-၂၀၁၀ နေ့က လန်ဒန်မှာ သုတေသနစာတမ်းတခု ထုတ်ပြန်လိုက်တယ်။

Osteoporosis ဆိုတာ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်။ အမျိုးသား ၁၂ ယောက်မှာ ၁ ယောက်ဖြစ်နေတဲ့ အသက်ကြီးရင် အရိုးကျိုးလွယ်တတ်တဲ့ ရောဂါဖြစ်တယ်။ National Institute for Health and Clinical Excellence က ဒီဆေးမျိုးဟာ ထိရောက်တာ မှန်ပေမဲ့ သိပ်ကြာကြာ (၂ လက်ထက် ပိုကြာအောင်) မသုံးသင့်ဘူးလို့ အကြံပြုလိုက်ပါတယ်။

DTS
30-5-2010
May 30, 2010 4:19 PM

No comments:

Post a Comment