Sunday, June 20, 2010

Comments on Oral practice

sweet said...
ကျွန်တော် မေးချင်တာလေးရှိလို့ ပါ။ ကျွန်တော်ဟာအတွေ့ အကြုံတခါနှစ်ခါပဲရှိပါသေးတယ်။ ဒါပေမဲ့ သုတ်မထွက်ဘူး
ဖြစ်နေပါတယ်။ ကိုယ့်ဟာကို play ရင်တော့ ထွက်ပါတယ်။ ဒါပေမဲ့ ဖိုမဆက်ဆံရင် မထွက်ဖူးဖြစ်နေတယ်။ ပီးတော့အရက်တို့ ဆေးတို့ လဲမသုံးပါဘူး။ အဲလိုမသုံးပဲနဲ့ ကို ၈ နာရီးကြာတာတောင် သုတ်မထွက်ဘူးဖြစ်နေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။ ဆေးကုသမှု ခံယူသင့်ပါသလား။
February 7, 2010 1:06 PM

Ziwakka said...
ကျန်းမာရေး ပညာပေးတာ ကောင်းပါတယ်။ တစ်ခုပဲ။ ဒီလို oral sex ကိစ္စကို မြန်မာလူမျိုးတွေကို ပညာပေးတောင် ရေးနေရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ သူများတွေ လုပ်တာကို မကောင်းတာ မှန်သမျှ အကုန်သာ လိုက်လုပ်နေကြရင်တော့ လူမှုရေး ပြဿနာတွေက ရှင်းလို့ ဆုံးတော့မှာ မဟုတ်ပါဘူး။ ENT က ဆရာတွေ oral sex သမားတွေမှာ HPV ကြောင့် Ca tongue ဖြစ်မဖြစ် သုတေသန လုပ်သင့်တယ်လို့ ထင်ပါတယ်။
February 7, 2010 11:17 PM

Dr. Tint Swe said...
၂၅-၂-၂ဝဝ၄။ ဆက်ဆံရာတွင် ပါးစပ်ကိုသုံးလျင် Human papillomavirus (HPV) ကြောင့် Oral tumours ခံတွင်းအကြိတ်ရောဂါ ရနိုင်သည်ဟု သံသယရှိခဲ့သည်မှာ ကြာပြီ။
၂၆-၂-၂ဝဝ၄။ အချို့သော Mouth cancer ခံတွင်းကင်ဆာတို့သည် ပါးစပ်သုံးဆက်ဆံနည်းကြောင့် ကူးစက်စေနိုင်သည်။
၁၁-၅-၂ဝဝ၇။ New England Journal of Medicine (NEJM) တသက်တာတွင် လိင်ဆက်ဆံရာ၌ ပါးစပ်သုံးသည့် အဖေါ် ၆ ယောက်ထက် ပိုသူ ယောက်ျား-မိန်းမတို့သည် Cancer of the tonsils or at the base of the tongue အာသီး သို့မဟုတ် လျှာအောက် ကင်ဆာဖြစ်ရန် ၉ ဆနည်းပါး ပိုသည်။
၉-၅-၂ဝဝ၇။ လိင်ဆက်ဆံရာတွင် ပါးစပ်ကိုအသုံးပြုရန် အဖေါ် ၅ ယောက်ထက်ပိုသူများသည် မသုံးသူများထက် လည်ချောင်း ကင်ဆာဖြစ်ရန် အဆ ၂၅ဝ ပိုသည်။
၁ဝ-၅-၂ဝဝ၇။ Johns Hopkins Kimmel Cancer Center သုတေသနက Human papillomavirus (HPV) သည် ယောက်ျားရော၊ မိန်းမပါ Throat cancers လည်ချောင်းကင်ဆာ ဖြစ်နိုင်သည်ဟု ကောက်ချက်ချခဲ့သည်။
၁၉-၂-၂ဝဝ၈။ Oropharyngeal cancer ခံတွင်း-လည်ချောင်းကင်ဆာ ကာကွယ်မည့် HPV vaccine ကာကွယ်ဆေးသစ် Gardasil သည် အမျိုးသမီးများအတွက်သာ ထိရောက်သည်။
၅-၁၂-၂ဝဝ၉။ Human papillomavirus (HPV) ရှိနေသူ ယောက်ျားအား ပါးစပ်သုံးဆက်ဆံနည်းလုပ်မိပါက Oral, Head, Neck, and Throat cancer ခံတွင်း၊ ဦးခေါင်း၊ လည်ပင်း၊ လည်ချောင်းကင်ဆာ တခုခုဖြစ်စေနိုင်သည်။

Dr. တင့်ဆွေ
၈-၂-၂ဝ၁ဝ
February 8, 2010 11:45 AM

angel said...
ကျွန်တော်အသက် (၂၀) ရှိပါပြီ။ မိန်းမနဲ့လည်းဆက်ဆံဖူးတယ်။ ယောကျာ်းနဲ့လည်း ဆက်ဆံဖူးတယ်။ ဒါပေမဲ့ လောလောဆယ် အထိတော့ မိန်းမထက် ယောကျာ်း ကိုယ်လုံးတီးပုံတွေက ကျွန်တော့်ကို ပိုပြီး လိင်စိတ်ထကြွစေတာကို တွေ့နေရပါတယ်။ ဒါဆို ကျွန်တော်ဂေးပေါ့။ ဒါပေမဲ့ ကျွန်တော် အဲဒီလိုမဖြစ်ချင်ဘူး။ ပုံမှန်လိင်စိတ် (မိန်းမကိုသာ တပ်မက်သောစိတ်) ရှိလာအောင် ကျွန်တော်ဘယ်လို ပြုမူကုသရမလဲ ဆိုတာကို ကျေးဇူးပြု ဖြေကြားပေးစေလိုပါတယ် ခင်များ။ ဆောင်းပါးတွေကို အမြဲစောင့်ဖတ်နေတဲ့ စာဖတ်သူတစ်ဦး။
February 10, 2010 9:52 PM

ugly said...
ဆရာ ယောင်္ကျာတစ်ယောက်က လိင်တံအရွယ်အစားက ဘယ်လောက်ရှိသင့်သလဲ။ ပြီးတော့ အရွယ်အစား ပုံမှန်အချိန်မှာ 1လက်မကျော်ကျော်နဲ့ တောင့်တင်းချိန်မှာ 4 လက်မ ရှိရင် ပုံမှန်အရွယ်အစား ဟုတ်နိုင်လား။ အကယ်လို့ မဟုတ်ရင် ဘာလုပ်ရမလဲ။ ရိုင်းသွားရင် တောင်းပန်ပါတယ်ဆရာ။
February 23, 2010 5:38 PM

ugly said...
ယောင်္ကျားလိင်တံပတ်လည်ကဘယ်လောက်ရှိသင့်သလဲ။ ငါးမူးလုံးသာသာဘဲရှိတယ်ဆရာ။ ဘယ်လိုလုပ်ရမလဲ။
February 23, 2010 5:42 PM

Dr. Tint Swe said...
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅) Penis enlargement ကို ဖတ်စေချင်ပါတယ်။ မဖတ်အားသေးရင် -
"သန်မာ (သာမန် မဟုတ်ပါ) နေချိန် Erectile penis ကို တိုင်းထွာပြီး၊ September 1996 Journal of Urology မှာ ရေးခဲ့တာကတော့ 12.9 cm (5.08 in) ပျမ်းမျှ ရှိပါတယ်။ ဒီဂျာနယ်ကဘဲ ဆိုပြန်သေးတာက ဘယ်လောက်ဘဲ နဂိုက အရွယ်အစားရှိနေနေ သန်မာလာရင် ဘယ်လောက်ထိ ရှိလာမလဲ ဆိုတာကို တိတိကျကျ မှန်းမရပါဘူးတဲ့။ ဂျူး-ကော့ကေးဆပ် ယောက်ျားတွေဟာ သန်မာချိန်မှာ ပျမ်းမျှ 13.6 cm (5.35 in) လို့ December 2000 International Journal of Impotence Research က ထုတ်ပြန်ပါတယ်။ သိပ္ပံနည်းကျ တိုင်းထွာကြတာမှာ တယောက်နဲ့ တယောက် မတူကြလို့ အများပြောသမျှ ထဲကနေ ပျမ်းမျှယူတဲ့အခါ 12.9–15 cm (5.1–5.9 in) ရှည်ပြီး၊ 2.4 and 5.5 cm (0.9 and 2.2 in) လုံးဝန်းတယ်လို့ မှတ်ယူနိုင်တယ်။ ကျားလိင်အင်္ဂါဟာ သန်မာချိန်မှာ ၂ လက္မခွဲမှ မရှိရင်တော့ Micropenis လို့ဆိုပြီး၊ ဆေးပညာအရ သတ်မှတ်ပါတယ်။"
February 23, 2010 9:23 PM

zwekogyi said...
ကျွန်တော် တခုလောက် မေးလိုရမလားခင်ဗျား ကျွန်တော် သုတ်လွှတ်တာ မြန်ပါတယ်။ အဲတာရောဂါလား ဘာဆေးဝါးတွေ သုံးသင့်သလဲဆိုတာကို ညွန်ကြားပေးပါခင်ဗျား ကျေးဇူးတင်ပါတယ်။
March 10, 2010 7:18 PM

Dr. Tint Swe said...
http://dts-writings.blogspot.com/ ထဲက အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂) Early ejaculation ကို ဖတ်ပါခင်ဗျား။
တခြား ဆရာရေးထားတာလဲ http://health.ngoinmyanmar.org/ ထဲမှာ ရှိပါတယ်။
March 10, 2010 8:45 PM

punkerfighter said...
ဆရာ ခင်ဗျာ့ ကျွန်တော်မေးမယ့်အကြောင်းအရာက ဒီဆောင်းပါးနဲ့တော့ မသက်ဆိုင်ပါဘူး။ ကိုယ်ဝန်ပျက်ကျစေချင်ရင် အရက်နဲ့ သွေးဆေးသောက်ရတယ်ဆိုတာ ဟုတ်ပါသလားခင်ဗျား ပြီးတော့ တောမီးတောက်အရက်နဲ့ဘာနဲ့ သောက်ရင် ကိုယ်ဝန် ပျက်စေနိုင်ပါသလဲခင်ဗျာ့ ကျနော့ သူငယ်ချင်းတယောက်အတွက် အရေးတကြီး အကူအညီလိုနေလို့ပါ“
March 11, 2010 1:30 PM

Dr. Tint Swe said...
မြန်မာနိုင်ငံဥပဒေအရ ကိုယ်ဝန်ပျက်ကျအောင်လုပ်တာ အပြစ်ရှိပါတယ်။ အကြံတောင်းတာကို ဆေးပညာဗဟုသုတ အဖြစ်သာ ပြန်ရေးပါရစေ။

အရက်အပါအ၀င် ပြင်းထံတဲ့ဆေး၊ အစားအကောက်တွေဟာ ကိုယ်ဝန်နုတာကို ထိခိုက်စေပါတယ်။ ပျက်ကျတဲ့အထိ ဖြစ်မဖြစ်တော့ တပ်အပ် မပြောနိုင်ပါ။

မြန်မာသွေးဆေးကို ဆေးပညာအရတော့ မသိပါ။ လက်တွေ့နယ်ပယ်မှာတော့ မြန်မာဆေးတွေ သောက်ပြီး၊ ရာသီထိန်တာ၊ နောက်ကျတာကို ကုစားလို့ ရတာတွေ တွေ့ဘူးပါတယ်။

အနောက်နိုင်ငံတွေမှာ Morning after pill ခေါ်တယ်။ Plan B လို့လဲ ခေါ်သေးတယ်။ Unwanted 72 (T Pill 72) လို့လဲ ခေါ်တယ်။ အိန္ဒိယမှာတော့ တရားဝင်ရောင်းလို့ ၂ လုံးတွဲဆေးတကပ်ကို ၃၂ ရူးပီးဘဲ ပေးရတယ်။

ဒီခေါင်းစဉ်ကို ပိုပြီးသိလိုရင် http://dts-medicaleducation.blogspot.com/ ထဲက (Unwanted Pregnancy မလိုချင်တဲ့ ကိုယ်ဝန်) ကို ဖတ်နိုင်ပါတယ်။ အချိန်နည်းလို့ ဖြစ်ဖြစ်၊ Privacy အရ သိလိုတာရှိရင် ကိုယ်ပိုင် (အီးမေးလ်) လိပ်စာကနေ မေးရင် တိုက်ရိုက် ပြန်ကြားပေးပါမယ် ခင်ဗျား။

(၁၀-၃-၁၀) နေ့ ရန်ကုန်ကလာတဲ့ (IRIN) သတင်းမှာ “ကိုယ်ဝန် ပျက်ခြင်း-ဖျက်ခြင်းသည် မြန်မာနိုင်ငံတွင် တတိယ အဆိုးဆုံးသော ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်၍ သေဆုံးသည့် အကြောင်းရင်း ဖြစ်သည်။” လို့ ပါတဲ့အတွက် သတိရှိဘို့ကိုပါ အကြံပေးပါရစေ။
March 11, 2010 2:18 PM

Nge Naing said...
ဆရာ ကျွန်မ အကြံတခု ပြုချင်ပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဆရာက Website ကို ညွန်းပေးတာနဲ့ပဲ လုံလောက်ပြီလို့ ကျွန်မ ထင်တယ်။ ဒီဘလော့ဂ်ကနေပြီးတော့ သန္ဓေတားတာကို အားပေးပေမဲ့ ကိုယ်ဝန်ရှိလာပြီးမှ ဖျက်တဲ့ကိစ္စကိုတော့ ကိုယ်ဝန်ဖျက်ခြင်းဟာ သွယ်ဝိုက်သောနည်းနဲ့ လူသတ်ခြင်းဖြစ်လို့ ပုဂ္ဂိုလ်ရေးအရ e-mail နဲ့ဖြစ်စေ၊ ဘလော့ဂ်က ပို့စ်မှာဖြစ်စေ အကြံပြုတာမျိုးကို ကျွန်မ တယောက်တည်းအနေနဲ့ လုံးဝ သဘောမကျပါဘူး။ ဒီလို အကြံပြုလိုက်လို့ နောက်ထပ် ကိုယ်ဝန်ဖျက်တဲ့ နည်းလမ်း နဲ့ပတ်သက်တဲ့ အကြံဥာဏ်တွေ၊ မေးခွန်းတွေ ထပ်တက်လာတာမျိုးကိုလည်း ဒီဘလော့ဂ်မှာ ကျွန်မ မလိုလားတာ အမှန်ပဲ။ Health Care Ethnic အရလည်း လူနာကို မမြင်မတွေ့ရ မစမ်းသပ်ရဘဲနဲ့ ဆေးညွန်းကို ပေးလို့မရပါဘူး။ ဒီဘလော့ဂ်ဟာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို ပြုမူကျင့်ကြံ၊ နေထိုင်စားသောက်၊ ကာကွယ်သင့်တယ် ဆိုတာ အထောက်အကူ ပြု အကြံဥာဏ်ပေးတဲ့ ကျန်းမာရေး ဘလော့ဂ်အဖြစ်ပဲ ဖြစ်သင့်ပါတယ်။ ဒီထက်ပိုမိုရှုပ်ထွေးတဲ့ အခုလို မေးခွန်းမျိုးအတွက် အွန်လိုင်းပေါ်က အကြံပြုလို့ မဖြစ်နိုင်ပါဘူး။ ရင်ဆိုင်နေရသူနဲ့ အနီးစပ်ဆုံး ကျန်းမာရေးပညာရှင် (သို့) Health Care Counselor တယောက်ယောက်နဲ့ တွေ့ဖို့ကိုပဲ အကြံပြုသင့်တယ်လို့ ကျွန်မ ထင်တယ်။ အခုအကြံပြုတာ ဆရာ ဒေါက်တာတင့်ဆွေ တယောက်တည်းကို မဟုတ်ဘူး ဒီဘလော့ဂ်မှာ စာရေးနေသူတွေ အားလုံးကို ရည်ညွန်းပါတယ်။
March 11, 2010 2:40 PM

punkerfighter said...
ဆရာ့ အီးမေလ်း ကိုတိုက်ရိုက်မေးလို့ရတယ်လို့ဆိုလိုတာလား ဆရာ။ ဒါဆိုရင် ကျေးဇူးပြုပြီး ဆရာ့အီးမေးလ်လိပ်စာလေး ပေးပါလား ကျေးဇူးတင်ပါတယ်ဆရာ။
March 12, 2010 9:45 AM

nsandar said...
ဆရာရှင့် ကိုယ်ဝန်ဆောင်မိခင်များသိသင့်သော လိုက်နာရမည့်အချက်များကိုဖော်ပြပေးပါရှင့်။ ဖောလစ်အက်စစ် အပြင် ကိုယ်ဝန်ဆောင် အားဆေးများကို ကိုယ်ဝန် ဘယ်နှစ်ပတ်တွင် စသောက်လို့ရပါလဲ။ ကိုယ်ဝန် 10 ပတ်ခန့်တွင် scan ရိုက်လို့ရပါသလား။ ကိုယ်ဝန်ဆောင်နှင့်ပတ်သက်သော မြန်မာwedsite e book များကိုလည်း ဖော်ပြပေးပါ။ ကျေးဇူးတင်ပါတယ်။ အမိမြေရဲ့အဝေးမှာ ရောက်နေလို့ဆရာတို့ကိုပဲ အားကိုပါတယ်။
March 13, 2010 6:51 PM

Dr. Tint Swe said...
စာတပုဒ် သပ်သပ် တင်လိုက်ပါပြီ။
March 19, 2010 4:50 PM

No comments:

Post a Comment