Sunday, June 20, 2010

Comments on Masturbation

ADDRESSEE said...
မေးစရာရှိလို့ပါ။ အကြောင်းကြောင်းကြောင့် သားအိမ်ထုတ်ထားတဲ့ အမျိုးသမီးနဲ့ လိင်ဆက်ဆံလို့ ရပါသလား သိလိုပါတယ်။
January 1, 2010 10:38 PM

Dr. Tint Swe said...
သားအိမ်ထုတ်တာက အကုန်လုံးထုတ်တာနဲ့ တချို့တဝက် ထုတ်တာ ၂ မျိုးလုပ်တယ်။ တတ်နိုင်သလောက် မျိုးဥအိမ်နဲ့ သားအိမ်အဝကို ချန်ထားတယ်။ မျိုးဥအိမ်ကျန်နေရင် (ဟော်မုန်း) ဆက်ထွက်နေလို့ ကလေးမရနိုင်ပေမဲ့ သွေးဆုံး လက္ခဏာတွေ မဖြစ်ဘူး။ သားအိမ်အဝ ကျန်နေလို့ မွေးလမ်းကြောင်း (ဗဂျိုင်းနား) ပုံသဏ္ဍာန် မပျက်ဘူး။ အဲလို အရာတွေကို ချန်လို့ရရင် ချန်ပေးတာကိုက အိမ်ထောင်ရေးအတွက် ရည်ရွယ်တာပါ။ မိန်းမသဘာဝ မပျက်ရအောင်ပါ။ အကုန်လုံး ထုတ်တာတောင်မှ ကန့်သတ်ချက် မရှိရင် မ-ဟော်မုန်းပေးပြီး မအိုသေးတဲ့သူလို နေအောင် လုပ်ပေးလို့ ရသေးတယ်။

ခွဲစိတ်ကုသခံပြီးတဲ့နောက် အနာကောင်းကောင်း ကျက်ရင် ဆရာဝန်က မကန့်သတ်ရင် လင်-မယား အတူနေလို့ ရတယ်။ တခုသိဘို့က အမျိုးသမီးဟာ Dyspareunia ခေါ်တဲ့ ဆက်ဆံချိန် ပုံမှန်မဟုတ် နာကျင်တာ ဖြစ်နေ-မနေ သတိပြုရပါမယ်။ ဒါပေမဲ့ ဒီလက္ခဏာ (ရောဂါမဟုတ်ပါ) ဖြစ်စေတဲ့ အကြောင်းရင်းတွေမှာ သားအိမ်ထုတ်တာ မပါသလောက်ပါ။

DTS
January 1, 2010 11:42 PM

ဇီဝက (ဆေး-၂) said...
masturbation အကြောင်းကို အသက် ၁၈ နှစ် မပြည့်မှီ လူပျိုဖော် အပျိုဖော်ဝင်ကတည်းက ဖတ်သင့်တယ်လို့ ထင်ပါတယ်။ အယူတိမ်းလို့ နတ်စိမ်းတွေ ဖြစ်ကုန်ကြမှာ စိုးလို့ပါ။ Ca prostate နဲ့ပတ်သက်လို့ကတော့ ကျွန်တော် ဖတ်ဖူးတာက အသက် ၂၀ နဲ့ ၃၀ ကြားမှ တပတ်ကို အကြိမ် ၁၀ ထက် intercourse ရှိသူတွေက ပိုပြီးဖြစ်တယ်လို့လဲ ပြောကြတယ်။ intercourse ထဲမှာ masturbation ကိုလည်း ထည့်တွက်တယ်။ သူပြောသလိုသာဆိုရင် ယောက်ကျားတွေ အကုန် Ibraham က လူကောင်းဆယ်ယောက်ရာမပေးနိုင်လို့ God က ဖျက်ဆီးပစ်တဲ့ Sodom မြို့သားတွေကို ဖြစ်ကုန်တော့မှာပဲ။
January 2, 2010 7:20 PM

ADDRESSEE said...
ဆရာတင့်ဆွေရေ ကျေးဇူးပါ။ သိသင့်တဲ့ လူထုကျန်းမာရေးအခြေခံတွေ ဝေမျှပေးတဲ့ ဆရာနဲ့ ဒီဘလော့ကို ကျေးဇူးတင်ရုံမကပါဘူး ကျေးဇူးပါ။
January 3, 2010 10:53 PM

zawmoe said...
ကျေးဇူးတင်ပါတယ် ဒေါက်တာ။ ခုလိုမျိုး လူထုကျန်းမာရေးနဲ့ပတ်သက်ပြီး ဒီ BLOG တင်ပြပေးတဲ့အတွက်အားလုံးကို ကျေးဇူးပါ။
May 6, 2010 3:25 PM

phyu said...
ဆရာရှင့်
(၁)ကျွန်မ အသက် ၂၅ တုံးက ရေအိတ်ထုတ်ဖူးပါတယ်။ သားဥပြွန်တခုပါထုတ်လိုက်ရလို့ ယခု အသက် ၃၃ နှစ်မှာ ကလေးယူဖို့ လွယ်ကူနိုင်ပါသလား။ ဘာအခက်အခဲများရှိနိုင်ပါသလဲ။ နောက်နှစ်မှာ ကလေးယူဖို့အတွက် ခုချိန်မှာ အစားအသောက်နဲ့ ဆေးဝါး ဘာတွေ ကြိုတင် မှီဝဲဖို့လိုပါသလဲ။
(၂)ရေအိတ်ကဘာကြောင့် ဖြစ်ပါသလဲ သေချာသိချင်ပါတယ်။ အပျို အအို မရွေး အသက်အရွယ် မရွေး ဖြစ်နေတာကိုလဲ တွေ့နေရပါတယ်။
June 12, 2010 3:01 PM

Dr. Tint Swe said...
Dear Phyu

ရေအိတ်ဆိုတာ Ovarian Cyst လို့ ရေးထားသလား။ ရေးတာ မဖတ်ရရင် ဘယ်လိုရှိတယ်ပြောသလဲ။ မခွဲခင်က ဘာတွေခံစားရသလဲ။ ဥပမာ ဆီးစပ်မှာ အလုံးရှိခဲ့တာလား။ သိနိုင်ရင် ခွဲထုတ်တဲ့အတိထဲမှာ ဘာတွေပါသလဲ။ အရည်တွေဘဲလား။ ဆံပင်လို၊ အရိုး-သွားလိုစတာ ပါသေးလား။ သိတာကိုဘဲ ပြောပါ။

DTS
June 12, 2010 11:45 PM

phyu said...
Ovarian Cyst လို့ရေးထားပါတယ်။ မခွဲခင်က ဗိုက်မသိမသာလေး ပူပါတယ်။ နဂိုက ပိန်တဲ့လူဆိုတော့ ၀လာသလို ထင်ရတယ်။ ဗိုက်ဆာလို့အစာစားမယ်ဆိုတော့ နဲနဲဘဲစားရသေးတယ် ဗိုက်ကပြည့်သွားပြီ။ဗိုက်တင်းသွားတယ်။
ဆက်စားချင်ပေမဲ့ မစားနိုင်တော့သလိုဖြစ်တယ်။ ရင်ပြည့်နေသလိုဖြစ်ပါတယ်။ အဲ့လောက်ဘဲ ခံစားရပါတယ်။ အိပ်ထမတင် လေ့ကျင့်ခန်းလုပ်ကြည့်တော့လဲ ဘာမှမထူးခြားဘူး။ ဗိုက်ထဲမှာ အလုံးဖြစ်နေမလားဆိုပြီး စိုးရိမ်လို့ဆေးခန်း
သွားတော့မှ ရေအိတ်ဖြစ်နေတယ်ဆိုတာသိရပါတယ်။ ရေအိတ်ထဲမှာ အရည်နောက်နောက် တွေလို့ဘဲ ပြောပါတယ်။တခြားဟာတွေ တွေ့တယ်လို့တော့ မပြောပါဘူး။ သားဥပြွန်မှာ သွေးကြောတွေ ရစ်ပတ်နေလို့ ရေအိတ် ထုတ်ရခက်တဲ့အတွက် အဲဒါပါထုတ်လိုက်တယ်လို့ပြောပါတယ်။ ဆရာ့ အီးမေး လေးပြောပြလို့ရမလား။ record ကို
ပို့ချင်လို့ပါ။ ဂရုတစိုက် ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
June 13, 2010 1:15 PM

Dr. Tint Swe said...
Dear Phyu

Ovarian Cyst အကြောင်းရေးပါမယ်။ အခုဖြေရရင် Tube တဖက်၊ Ovary တခု ကောင်းနေရင် သားသမီး ရနိုင်ပါတယ်။ သီအိုရီအရ ပြောရရင် ၅၀% ရနိုင်တယ်။ drswe01@gmail.com
June 13, 2010 1:43 PM

No comments:

Post a Comment