Sunday, June 20, 2010

Comments on Infertility

yu said...
အခုလို ဗဟုသုတတွေ ရေးပေးတာ ကျေးဇူးပါဆရာ။ ကလေးမရနိုင်ခြင်းအကြောင်း ရေးတဲ့နေရာ ပြောင်းပြန်မေးတယ်လို့တော့ မထင်ပါနဲ့ဆရာ။ သုတ်ရေကို ပါးစပ်ကမျိုချမိရင် ကိုယ်ဝင်ရနိုင်ပါသလား။
January 11, 2010 4:38 PM

Dr. Tint Swe said...
မရနိုင်ပါ။ သုတ်ရေထဲက သုတ်ပိုးသည် အစာလမ်းကြောင်း (ပါးစပ်၊ အစာမြိုပြွန်၊ အစာအိမ်) ထဲ ရောက်သွားပါက ကြာကြာ မရှင်နိုင်ပါ။ လူကိုတော့ ဘာမှ မဖြစ်စေနိုင်ပါ။ ကိုယ်ဝန်ရရန် သန်စွမ်းသည့် ကျားသုတ်ပိုးသည် ကျန်းမာနေသော မ-မျိုးဥ နှင့် မ-မျိုးပွားလမ်းကြောင်း (သားအိမ်ပြွန်၊ သားအိမ်) တနေရာရာမှာ တွေ့ရှိ-ပေါင်းစပ် ရပါမည်။ ထို့နောက် သားအိမ်၏ အတွင်းနံရံမှာ လာ၍ တွယ်ကပ်ရပါမည်။ မွေးလမ်းကြောင်း မဟုတ်သော အခြား (အစာလမ်း၊ ဆီးလမ်း စသည်) တို့မှာ မ-မျိုးဥဖြစ်စေ ကျား-သုတ်ပိုးဖြစ်စေ မရှင်နိုင်ပါ။
January 11, 2010 5:13 PM

nandar said...
ကျေးဇူးပါဘဲဆရာ။
ကျွန်မတို့ ဇနီးမောင်နှံက ခွဲနေရတာများပါတယ်။ OG တွေနဲ့ ပြကြည့်တော့လည်း ကလေးမရနိုင်တဲ့အကြောင်း မတွေ့ပါဘူးဆရာ။ အသက်ကလည်း ၃၅ ကျော်နေပြီမို့ သားသမီး အလွန်ရချင်ပါတယ်။ ရာသီစက်ဝိုင်းအလည် လောက်ရောက်ချိန်တွေမှာ အတူနေရင် သားသမီးရနိုင်တယ်လို့ ဆိုကြတာ ဟုတ်ပါသလားဆရာ။ ဘယ်လိုတွက်ချက် ပြီးနေရင် ရနိုင်ပါသလဲ။ သမီးမျိုးဥ ကြွေဆေးလည်း တစ်ခါနှစ်ခါ စားဖူးပါတယ်။ ဆရာဝန်ညွှန်ကြားချက် အရပါ။ မထူးခြားခဲ့ပါဘူး။ စိတ်သောက အကြီးအကျယ် ရောက်နေရလို့ အကြံကောင်းရှိရင် ညွှန်ကြားပေးပါရှင်။ သားသမီး ရနိုင်တဲ့ ရက်များမှာ သမီးတို့ အတူနေနိုင်အောင် ကြိုးစားကြည့်ချင်လို့ပါဆရာ။
January 11, 2010 6:26 PM

Dr. Tint Swe said...
စိတ်အားမပျက်ဘို့တော့ အားပေးပါတယ်။ ပွင့်ပွင့်လင်းလင်းတော့ ရေးပါရစေ။ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါ။ ကြိုးစားပါ။

“ရာသီစက်ဝိုင်းအလည် လောက်ရောက်ချိန်တွေမှာ အတူနေရင် သားသမီးရနိုင်တယ်လို့ ဆိုကြတာ” မှန်ပါတယ်။ လစဉ် ရာသီလာတာ တခါနဲ့တခါ စုစုပေါင်း ၂၈ ရက်၊ ၃ဝ ရက်၊ စသဖြင့် ကွာခြားပါတယ်။ အဲဒါကို တလလို့ယူပါ။ အလယ်ရက်ဟာ မ-မျိုးဥထွက်တဲ့ရက် ဖြစ်ပါတယ်။ ဆိုပါစို့ ၂၈ ရက်သမားအတွက် အရင်လ ရာသီစဆင်းတဲ့နေ့ရဲ့နောက် ၁၄ ရက်ဖြစ်မယ်။ ၃ဝ ရက်သမားအတွက်က နောက် ၁၅ ရက်မှာဖြစ်တယ်။ ဆိုလိုတာက တခါဆင်းတာနဲ့ နောက်ဆင်းတာ ၂ ခုရဲ့ အလယ် တည့်တည့်ရက် ဖြစ်ပါတယ်။ ရက်တွက်ရင် ရာသီ စဆင်းတဲ့ရက်ကို ၁ လို့ မှတ်ပါ။ စဆင်းရက်ဆိုတာက မမှားနိုင်ဘူး။ ပြီးသွားတဲ့ရက် ဆိုတာက မသေခြာဘူး မဟုတ်လား။

အဲဒီနေ့မှာ မ-မျိုးဥထွက်တယ်ဆိုရင် အမျိုးသမီးရဲ့ကိုယ်အပူချိန်ဟာ နဲနဲလေး တက်လာပါတယ်။ ကရိကထ ခံနိုင်ရင် တလလုံး မနက် အိပ်ရာထမှာ Body temperature ကိုယ်အပူချိန် တိုင်းပြီး မှတ်ရတယ်။ မ-မျိုးဥ ထွက်တဲ့နေ့မှာ နဲနဲတက်လာတာကို သိရမယ်။

အလယ်တည့်တည့်ရက် ၁ ရက်ထဲသာ မဟုတ်ပါ။ မတိုင်ခင် ၂-၃ ရက်၊ နောက် ၂-၃ ရက်တွေကလည်း ကိုယဝန်ရှိနိုင်တဲ့ ရက်တွေချည်း ဖြစ်ပါတယ်။

ကိုယ်ဝန်တားနည်းတွေ တခုမှ မလုပ်ပါနဲ့။ အတူနေပြီးပြီးချင်း၊ ရေမဆေးပါနဲ့။ ဇနီးက ပက်လက်အနေအထားကိုသာ ၅-၁ဝ မိနစ် နေပါ။ လိုအပ်ရင် အဲဒီအချိန်လေးမှာ အောက်ပိုင်းကို နဲနဲမြှင့်ထားရင် ပိုကောင်းပါတယ်။ အထဲဝင်ရမှာတွေ ထွက်မကျစေဘို့ပါ။

အခုဟာက သဘာဝနည်းတွေသာ ဖြစ်ပါတယ်။ ဆေးကူရမှာတွေကိုတော့ စာနဲ့ရေးထားပြီ ဖြစ်ပါတယ်။ အသစ်တခု အကြံပြုပါတယ်။

နှစ်ဦးစလုံး စိတ်ထဲမှာလဲ ကြည်ကြည်လင်လင်နဲ့ ဆုတောင်းသလို Concentration ထားပါ။ စိတ်ရဲ့တန်ခိုးဟာ ဆေးတန်ခိုးထက် အဆများစွာ သာလွန်ပါတယ်။ Autosuggestion ဆိုတဲ့ မသိစိတ်မှာကိုက လိုလိုလားလား၊ စူးစူး စိုက်
January 11, 2010 8:18 PM

nandar said...
သိချင်တာလေးရှိလို့ ထပ်မေးပါရစေ ဆရာ၊ သုတ်ရည် ပြောင်းပြန်ဖြစ်ခြင်းဆိုတာ သုတ်ရည်က သားအိမ်ထဲကို မရောက်ဘဲ အမျိုးသမီး လမ်းကြောင်းက ပြန်ထွက်သွားတာကို ဆိုတာလားဆရာ။ အတူနေပြီးနောက် နာရီ အတော်ကြာ ငြိမ်နေသော်လည်း မနက်ပိုင်းမှာ အမျိုးသမီး လမ်းကြောင်း အရည်တချို့ ပြန်ထွက်ပါတယ်၊ အဲလိုမျိုးကို သုတ်ရည် ပြောင်းပြန်ဖြစ်တယ်လို့ ခေါ်တာလား ဆရာ။ သမီးမေးတဲ့အထဲမှာ ရိုင်းသွားတာပါရင် ခွင့်လွှတ်ပါဆရာ။ ကုသလို့ရတဲ့ နည်းရှိရင်လည်း သိပါရစေ။
January 15, 2010 9:25 AM

Dr. Tint Swe said...
ဆက်ဆံအပြီး အမျိုးသမီးရဲ့ အင်္ဂါထဲကနေ အပြင်ဘက်ကို အရည်ပြန်ထွက်တာက ပုံမှန်မှာလဲ ပြန်ထွက်တာပါ။ အရည်တချို့က အထဲဝင်ပါတယ်။

သုတ်ရည် ပြောင်းပြန်သွားခြင်း Retrograde ejaculation ဆိုတာ ဆက်ဆံအပြီး Orgasm ရတဲ့အခါမှာ Sperm တွေ ပါနေတဲ့ Seman သုတ်ရည် က Urethra ဆီးသွားပြွန်ကနေ ပန်းအဖျားဘက်ဆီ သွားရမှာကို မသွားဘဲ Bladder ဆီးအိမ်ဆီ နောက်ပြန်သွားတာကို ပြောတာ ဖြစ်ပါတယ်။

ပုံမှန်ဆိုရင် ဆီးအိမ်ရဲ့အောက်မှာရှိနေတဲ့ အထိန်း Sphincter ကနေ လမ်းမှန်အတိုင်းသွားအောင် လုပ်ပေးတယ်။

ယောက်ျားဆီးကြိတ် Prostate ရောဂါရှိရင်၊ ဆီးထွက်ပြွန်ကနေ ကရိယာထည့် ခွဲစိတ်ထားရင်၊ အော်တိုနောမစ် အာရုံကြော စနစ်ကို သွားထိခိုက်မိလို့ ဖြစ်တာပါ။ Testes (တက်စ်တိစ်) ကျားအစိ ကင်ဆာဖြစ်လို့ (လင့်ဖ်-နုတ်) တွေကို ခွဲထုတ်ရင်လဲ ဖြစ်တတ်တယ်။ ဒါ့ကြောင့် အဲလိုမဖြစ်ရအောင် လေဆာသုံးခွဲစိတ်တာ လုပ်ပါတယ်။

ဆေးကြောင့်လဲ ဖြစ်တတ်တယ်။ Prostate လို့ ခေါ်တဲ့ ယောက်ျားဆီးကြိတ်က ကင်ဆာမဟုတ်ဘဲ၊ အသက်ကြီးချိန်မှာ ကြီးလာတဲ့ရောဂါ BPH ကိုကုတဲ့ Tamsulosion ဆေး။ နောက်ပြီး စိတ်ရောဂါကုတဲ့ ဆေးတချို့။ ဆီးချိုရောဂါရှိရင်လဲ ဖြစ်နိုင်တယ်။

အဲဒီပြဿရှိနေသူကို ကလေးရချင်ရင် ယောက်ျားရဲ့ ဆီးကို Centrifuge လုပ်ပြီး သုတ်ရည်ကို ဇနီးရဲ့ မွေးလမ်းထဲ ထည့်ပေးတာ လုပ်နိုင်တယ်။

အထောက်အကူနည်း တခုကတော့ ဆက်ဆံလို့ ပြီးသွားချိန် Orgasm မှာ ယောက်ျား အပြင်လိင်အင်္ဂါ ရှိတဲ့နေရာတဝှိုက် Perineum မှာ နှိပ်နယ်ပေးတာ လုပ်တယ်။

DTS
January 15, 2010 11:24 AM

nandar said...
ဗဟုသုတတွေ အများကြီးရလို့ ကျေးဇူးအထူးတင်ပါတယ် ဆရာ။ ဆရာလည်းဘဲ ကျန်းမာ ချမ်းသာပါစေလို့ ဆုတောင်းပါတယ်။
January 15, 2010 11:55 AM

No comments:

Post a Comment