Sunday, June 20, 2010

Comments on (HBV)

tune said...
"ကင်ဆာကတော့ ရောဂါနာမည် တပ်ပြီး ၆ လ ထက် အသက် မရှည်ပါ။ " ဆိုတာ အမှန်ပဲလားဟင်?
ဘယ်နေရာမှာ အကိုးအကား ရှာလို့ ရနိုင်မလဲ။
August 29, 2009 2:34 PM

DTS said...
ဘီပိုးအကြောင်းထဲမှာ အသဲကင်ဆာနဲ့ပတ်သက်ပြီး ကျွန်တော်က “ရောဂါနာမယ်တပ်ပြီးတဲ့နောက် ၆ လထက် ပိုမနေရပါ” လို့ ရေးခဲ့ပါတယ်။ ဒီရေးသားချက်ဟာ ပညာရှင် သိပ်မဆံတာကို ၀န်ခံရမှာပါ။ အတွေ့အကြုံအရ ရေးလိုက်တာပါ။

ကျွန်တော့်လုပ်သက် အခုဆို အနှစ် ၃၀ တော့ ကျော်ပြီပေါ့။ နေရာဒေသလဲ စုံတယ်ပေါ့။ လူနာအားလုံးကတော့ မြန်မာပြည်သားချည်းပါ။ အသဲကင်ဆာ လူနာပေါင်းက ၁၀၀ မကျော်ပါ။ ကျွန်တော်သိတဲ့ အသဲကင်ဆာလူနာတွေထဲမယ် ဆင်းရဲတဲ့လူရော၊ ချမ်းသာသူရော၊ ဆရာဝန်ပါ ပါတယ်။ သုတေသန တခုဆိုတာ ဒီလောက်နဲ့ မရသင့်ပါ။ သေခြောတာက ယောက်ျားက လုံးဝအများစုဖြစ်တယ်။ ကုသကြတာကလဲ တိုင်းပြည် ၃ ခု(မြန်မာပြည်၊ အိန္ဒိယ နဲ့ ထိုင်း)တွေမှာ ဖြစ်ပေမဲ့ အားလုံး ၅ နှစ်မခံကြပါ။

ပညာရှင်ဆံအောင် ပြန်ရေးရရင် အသဲကင်ဆာ ဆိုတာ သူ့မှာစဖြစ်တာနဲ့ သူ့ဆီကို တခြား နေရာတခုကနေ ရောက်လာပြီး အသဲမှာ ကင်ဆာ ဖြစ်ရတာနှစ်မျိုးက အသက်ရှည်မှာခြင်း မတူပါ။ တခြား နေရာကနေ ရောက်လာတာက ပိုဆိုးတယ်။ တချို့က ၃ လ ကနေ ၄ နှစ်ခံတယ်လို့ ခြုံပြောတာလဲ ရှိတယ်။ USA မှာဆိုရင် ၁၉၉၉ သုတေသနအရ လူနာ ၁၂၃၈၂ ထဲက ၇% ဟာ ၅ နှစ်အထိ ရှင်တယ်။ ၁၉၉၂-၁၉၉၉ အရဆိုရင် ၅% ဟာ ၅ နှစ်အထိရှင်တယ်။ ၁၉၈၃-၁၉၉၀ အရဆိုရင် ၆%။ သူတို့သုတေသန မှာလဲ အမျိုးသမီးတွေက ပိုကြာကြာနေရတယ်။ ဥပမာ လူဖြူအမျိုးသျွီးတွေက ၁၀့၆% ၅ နှစ် ရှည်တယ်။

သုတေသနစာတွေကို လေ့လာရင် အများကြီးနဲ့ အမျိုးမျိုး တွေ့ပါမယ်။ ဒါပေမဲ့ ထပ်သိဘို့လိုတာတခု ရေးရအုံးမယ်။ “အသဲကင်ဆာကုသရေး”ဆိုတာ “ဘီလျံဒေါ်လာ-စီးပွါးရေး”ဖြစ်ပါသတဲ့။ စီးပွါးရေးသမားတွေက ကြော်ညာ အင်မတန်
ကောင်းတာကလား။

Dr. တင့်ဆွေ
၃၀-၈-၀၉
August 30, 2009 11:48 AM

hannyein said...
ဆရာခင်ဗျား..ဘီပိုးရှိသူနှင့် လက်ထပ်မည့်သူသည် မည်သည့်ပြင်ဆင်မူ့များ ပြုလုပ်သင့်ပါသနည်း.. ကာကွယ်ဆေး ၃ကြိမ်ထိုးတာနှင့် လုံလောက်ပါသလား ခင်ဗျာ...သိပါရစေခင်ဗျာ...
August 30, 2009 7:36 PM
tune said...
ရောဂါ နာမည် တပ်ခံရတဲ့သူတွေ စိတ်ဓာတ် ထိုးကျသွားမှာ စိုးလို့ ဒါမျိုး သတင်းအချက်အလက်လေးတွေကို တိကျပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ စိတ်ဓာတ်ကလဲ ရောဂါကို ပြန်လည် ခုခံ တိုက်ခိုက်ရာမှာ အရမ်းကို အရေးကြီးတယ်လို့ ယုံကြည်နားလည် ထားမိလို့ပါ။ ကျေးဇူးပါ ဆရာ။
August 31, 2009 9:54 AM
DTS said...
ဘီပိုးရှိသူနှင့် လက်ထပ်မဲ့သူ
• ဘီပိုးရှိသူနှင့် လက်ထပ်မည့်သူသည် မိမိကိုယ်မိမိ ဘီပိုးရှိ-မရှိ စစ်ပါ။
• ရှိနေသူကလဲ ၆ လတခါ ဆရာဝန်ပြပါ။
• လက်ထပ်မဲ့သူဟာ ဘယ်အရွယ်ရှိနေနေ Hepatitis B vaccine ဘီပိုးကာကွယ်ဆေးထိုးပါ။ (အများအားဖြင့် အသက် ၁၈ နှစ်အောက် တွေကိုသာ ကာကွယ်ဆေး ထိုးခိုင်းတာပါ။)
• ကြီးသူတွေကို ကာကွယ်ဆေးထိုးရင် ပဌမတခါနဲ့ ဒုတိယတခါကို ၁ လ ခြားပြီး၊ တတိယတခါကို နောက်ထပ် ၂ လကနေ ၅ လခြားထိုးနိုင်တယ်။ ပေါင်း ၃ ခါ။ တချို့ကလည်း ၁၂ လခြားပြီး၊ စတုတ္ထတခါ ထိုးခိုင်းတတ်တယ်။
• သွေးစစ်ရာမှာ (anti-HBs at least 10 mIU/mL) ရှိနေသူဟာ ကာကွယ်ပြီးဖြစ်နေပြီလို့ သိနိုင်ပါတယ်။
• အတူနေရင် ကွန်ဒွန်သုံးပါ။
• ကွန်ဒွန်မသုံးမိလို့ဖြစ်ဖြစ်၊ ကလေးရချင်လို့ ကွန်ဒွန် မသုံးတာဖြစ်ဖြစ်၊ Hepatitis B immune globulin (HBIG) ဆေးထိုးလိုက်ပါ။ ဒီဆေးက ကာကွယ်ဆေးမဟုတ်ပါ။ ဘီပိုးကို ပြန်တိုက်ဖျက်ပြစ်မဲ့ဆေးဖြစ်ပါတယ်။ ၂ ပါတ် အတွင်း၊ အကောင်းဆုံးကတော့ ၂၄ နာရီအတွင်း (HBIG) IM 0.06 mL/kg ထိုးပါ။
• အရင်က ကာကွယ်ဆေး ထိုးမထားသူဆိုရင် (HBIG)ကို နောက် ၁ လနေရင် တခါထပ်ထိုးပါ။
• ဘီပိုးရှိသူက အမျိုးသမီးဖြစ်နေရင် မွေးဖွါးလာမဲ့ကလေးတိုင်းကို မွေးမွေးချင်း သို့မဟုတ် ၁၂ နာရီအတွင်း ဘီပိုးကာကွယ်ဆေးနဲ့ ကုသဆေး (HBIG) IM 0.5 mL ဆေးထိုးပါ။
• ကာကွယ်ဆေးနဲ့ ကုသဆေးကို တင်ပါးတဖက်စီမှာ တရက်တည်း ထိုးလို့ရပါတယ်။
• ဘီပိုးကာကွယ်ဆေး Hepatitis B vaccine ကို ကလေး မွေးမွေးချင်း ၁ ခါ၊ နောက် ၁ လ တခါနဲ့ ၆ လတခါ၊ ပေါင်း ၃ ခါထိုးရပါမယ်။
• တအိမ်သားလုံး သွားတိုက်တံ၊ ရေဇာ၊ အပ် သီးခြားစီ သုံးပါ။
• ပိုးရှိသူရဲ့ သွေးထွက်တာ၊ အန်တာ၊ ကိုယ်ကထွက်တဲ့အရည်မှန်သမျှကို ဘယ်တော့မှ လက်နဲ့မထိပါနဲ့။
• အိမ်မှာ ပိုးသန့်ဆေး တမျိုးမျိုး အမြဲဆောင်ထားပါ။ ဥပမာ ရေ ၁ ကွာတထဲမှာ အ၀တ်ချွတ်ဆေး ခေါ်တဲ့ Bleaching powder မှုံ့ လက်ဘက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရေ (၁၀ ဆ ၁ ဆ) ဖျော်တာကို သွေး၊ အန်ဖတ်၊ ကိုယ်ကထွက်တဲ့ အရည်မှန်သမျှကို သန့်ရှင်းရေးလုပ်ဘို့ သုံးပါ။
• ထိခိုက်မိတိုင်း ပတ်တီး စည်းထားပါ။ လက်အိတ်သုံးပါ။
• ရေခွက်၊ ထမင်း-ဟင်းပန်းကန်ခွက်ယောက် အတူသုံးနိုင်ပါတယ်။
• ပိုးက သွေးနဲ့ ကိုယ်ခန္ဓာကထွက်တဲ့အရည်တွေဖြစ်တဲ့ အစာခြေရည် (အန်ဖတ်)၊ ယောက်ျား-မိန်းမကိုယ် အရည် (မဆက်ဆံမီ နှင့် ဆန္ဒပြည့်ဝအပြီး) တွေမှာ ပါနေတာပါ။ ဒါတွေကလွဲရင် မပါပါ။
• အသားချင်းထိယုံနဲ့ ဘာမှမဖြစ်ပါ။ နုတ်ခမ်းစုပ်တာနဲ့ပတ်သက်လို့ သွားရည်မှာတော့ ပိုးပါနိုင်ပေမဲ့ အထောက်အထား မရှိသေးပါ။
• အလားတူ (အိုရယ်-ဆက်က်စ်)ကလဲ အတူတူလို့ ဆရာ့ဆရာတွေက ဆိုပါတယ်။
• ဖခင်က ပိုးရှိနေပေမဲ့ ကလေးကို မိခင်ကနေကူးနည်းမျိုးနဲ့ ဖခင်ကနေမကူးပါ။
August 31, 2009 3:44 PM

minnaing said...
အခုလို စုံစုံလင်လင် ရှင်းပြတဲ့တာ ဒေါက်တာကို ကျေးဇူး အများကြီးတင်မိပါတယ်။ ဘာဖြစ်လို့ကျေးဇူးတင်မိလဲဆိုရင် ဒီ(ဘီ)ပိုးဆို တာကို မြန်မာလူငယ် အများစု ကအလေးမထားကြဘူးလို့မြင်မိပါတယ်။ ဒေါက်တာရေးထားတာကိုဖတ်မိမှ ပဲကျွန်တော်လည်း တော်တော်လေး သတိထားရမယ်ဆိုတာကို နားလည်မိလို့ ပါခင်ဗျာ။ ကျေးဇူး အထူးတင်ပါတယ်။ ဒေါက်တာ ပညာဒါန များများပြုနိုင်ပါစေလို့ ဆုတောင်ပေးပါတယ်။ လေးစားစွာဖြင့်။
Minnaing
September 4, 2009 2:46 PM

Ko said...
ရှင်းပြပေးတာကျေးဇူးပါ။ ချစ်သူရည်းစားကို ကြောက်ကြောက်လန့်လန့်နဲ့နမ်းရတာ ရင်မောပါတယ်ဆရာ။ ဆရာပြောမှ နည်းနည်းစိတ်အေးရပါတယ်။
December 1, 2009 12:14 AM

Ko said...
ရှင်းပြပေးတာကျေးဇူးပါ။ ချစ်သူရည်းစားကို ကြောက်ကြောက်လန့်လန့်နဲ့နမ်းရတာ ရင်မောပါတယ်ဆရာ။ ဆရာပြောမှ နည်းနည်းစိတ်အေးရပါတယ်။
December 1, 2009 12:18 AM

Cynic said...
ဒေါက်တာ (ဘီ)ပိုး ရှိနေလျှင် ဘယ်ဆေးများ ကို သောက်သုံးသင့်ပါသလဲ။ ဘယ်ဆေးဝါးမျိုးကို ရှောင်သင့်ပါသလဲ။ အရည်မှ (ဘီ) ပိုး ကူးစက်တယ်ဆိုရင် ချစ်သူနှစ်ဦး နမ်းလျှင်လည်း တံတွေးမှ တဆင့်ကူးစပ်မည်လော?
ကျေးဇူးပြုပြီး ရှင်းပြပေးစေချင်ပါသည်။
December 3, 2009 11:24 PM

Hteink Min said...
ကျွန်တော် ရောက်နေတဲ့ နိုင်ငံရဲ့ ဆရာဝန်တွေ ပြောအရတော့ Interferon နဲ့ Anti-viral Agents ကို လုပ်ကြည့်တာဟာ အကောင်းဆုံးလို့ဆိုပါတယ်။ အသုံးမပြုပဲ နေနေသာထက်စာရင်၊ အသုံးပြုကြည့်လိုက်တာ ကောင်းတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဒီဆေးတွေ လိုအပ်မလိုအပ် သူတို့ ကျွန်တော့ ဒီအန်အေကို အရင်စစ်မယ်လို့ပြောပါတယ်။ ဒီအန်အေကနေ ဘာကြည့်လို့ရတယ်ဆိုလည်း မသိဘူး သူဆိုပါတယ်(ကျွန်တော်မေ့သွားလို့ပါ)။ ဒီအန်အေစစ်လို့ မဝသေးဘူးဆိုရင်၊ အသဲကို အပြင်ကနေ ထိုးပြီး နည်းနည်းယူပြီး၊ အသဲထဲိစစ်မယ်လို့ဆိုပါတယ်။ အသဲက သွေးတွေ အပြည့်နဲ့မို့ သွေးအိတ်ကို ဖောက်လိုက်သလိုဖြစ်သွားမှာမို့ နည်းနည်း ဆေးရုံးမှာ ခေတ္တနေပေးရမယ်လို့လည်း ဆိုပါတယ်။ အသဲက စစ်လို့လိုအပ်တယ်ဆိုရင် ဆေးစတိုက်မယ်ပြောပါတယ်။ ထိုးဆေးရှိတယ်လည်း ပြောပါတယ်။ ဆေးကပြင်းတာမို့ ဆံပင်တွေ ကျွတ်နိုင်တယ်လို့တောင်ဆိုပါတယ်။ ဒါပေမဲ့ ပြန်ပေါက်လာမယ်လို့လည်း ဆိုပါတယ်။ ဆေးသုံးဖို့ကို မလောသေးဖို့၊ ကျောင်းကိစ္စတွေ ခရီးသွားစရာတွေ ဘာတွေ ပြီးစီးတော့မှ လုပ်ချင်သပါ့ဆိုလည်း ကောင်းတယ်လို့ဆိုပါတယ်။ အခုအကောင်းကြီးကို ဆိုးသွားအောင်တော့ သူတို့ မလိုအပ်ရင် မလုပ်ပါဘူးလို့ ပြောပါတယ်။ ဒီဆေးတွေ သုံးကြည့်နေတုန်း မအောင်မြင်ဘူးဆိုရင်တော့ ၃ နှစ် ၅ နှစ်ဆို ဆေးတွေ ထက်ထွက်နေတာမို့ နောင်မှာလည်း အခြားဆေးတွေနဲ့ ကုသနိုင်ဖို့ အလားအလာရှိတယ်လို့ဆိုပါတယ်။ ကျွန်တော့မေးခွန်းကတော့ မလိုအပ်ရင် ဒီဆေးတွေ မသုံးဘူးလို့ မေးကြည့်ပါတယ်။ ဆရာဝန်ပြောပြချက်အရတော့ ဒီဆေးသုံးလိုက်လို့ ဆိုးကျိုးဆိုတာ ခေတ္တပဲ ရှိပြီး၊ နောက်ပိုင်း ကင်ဆာဖြစ်မှာတို့ ဘာတို့ ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ ဆရာပြောတဲ့ Interferon ဆေးခတွေ ဈေးကြီးတယ်ဆိုတာတော့၊ ဒီနိုင်ငံမှာ ဆေးကုသမှုဟာ အခမဲ့မှို့၊ နိုင်ငံတော်အတွက် ဘယ်လောက် ကုန်ကျမလည်းတော့
January 12, 2010 5:14 AM

Hteink Min said...
ဒီအန်အေကို စစ်ကြည့်လိုက်လို့ ဆေးကုသဖို့ လိုအပ်တာ တွေ့ပြီဆိုရင် ၊ အသဲကို အပ်နဲ့ မထိုးတော့ဘူးလို့ ဆိုပါတယ်။ ဒီလိုစစ်ဆေးတာဟာ Viral load ဆိုလား Virus load ဖြစ်ဖို့တော့ များမယ်ထင်တယ်။ အဲဒါ သိရှိဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘီပိုးရှိတဲ့သူတွေဟာ ၆ လတစ်ကြိမ် သွေးစစ်ပြီး အခြေအနေ ဘယ်လိုရှိလည်း ကျွန်တော်လုပ်ပေးရပါတယ်။ ဆရာဝန်က အဲဒီResult ကို အမြဲ လေ့လာပေးပါတယ်။ P-alat ဘယ်လောက်ရှိလည်း ပုံမှန်က ၁၀ ကနေ ၇၀ အကြားရှိတယ်လို့ပြောပါတယ်။ တစ်ကယ်လို့ အဲဒီကြားမှာ မရှိဘူးဆိုရင်တော့ တစ်ခုခုလုပ်ရမည်ဆိုတဲ့ သဘောရှိပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ဆရာဝန်နဲ့ အမြဲ အဆက်အသွယ်ရှိပြီး၊ ဘာတွေ ဆက်လုပ်သင့်တယ် ၊ ဘာတွေဖြစ်နေပြီလဲဆိုတာ အမြဲ မေးဖို့လိုပါတယ်။ ကျွန်တော်ကိုတော့ ရပ်ကွက်ဆရာဝန်က p-alat ပုံမမှန်လို့ဆိုပြီး ဆေးရုံကြီး သွားခိုင်းပါတယ်။ ဘီပိုးနဲပါတ်သက်လို့ ဒီနိုင်ငံမှာ ဘာမှ ကန့်သန့်ထားတာ မရှိဘူးလို့ဆိုပါတယ်။ ကျောင်းမှာလည်း လူတကာ လိုက်ပြောနေဖို့ မလိုဘူးလို့ ဆိုပါတယ်။ ကိုယ်ဓါးရှလို့ ဘာလို့ သွေးထွက်တော့မှ ဘီပို့ရှိတယ်ဆိုတာ ပြောပြပေးဖို့ပဲ လိုပါတယ်။ တခြားတစ်ယောက်ကို သွေးကနေ ကူးမှာဆိုးလို့လို့ဆိုပါတယ်။ ဘီးပိုးသမားဟာ သွေးလှုခွင့်မရှိတာက လွဲလို့ ၊ အလုပ်ခွင်တော့ အကုန်လုပ်နိုင်ပါတယ်တဲ့၊ သူနာပြုလုပ်လို့ရတယ်လို့လည်း ဆိုပါတယ်။
January 12, 2010 5:28 AM

No comments:

Post a Comment